You are here

Statement attributable to UNFPA Office in Myanmar with the Embassies of Canada, Denmark, Norway, and Sweden

Today is the International Day for the Elimination of Sexual Violence in Conflict. Since 2015, this day has drawn urgent global attention to this insidious form of violence. Today, we use this occasion to unequivocally condemn acts of sexual violence by all armed actors, and those associated with them, in Myanmar.

 

Sexual violence is never justified under any circumstances. All armed actors have a responsibility to prohibit this form of violence from occurring and take full responsibility when it is perpetrated. 

 

Survivors of sexual violence – girls, boys, women, men, sexual and gender minorities – and their families carry the trauma of these heinous crimes. Access to timely and safe physical and mental health support services is critical. In Myanmar, survivors including those born of rape, live with shame, stigma, limited health and social support, and few options to seek legal redress.

 

All armed actors in Myanmar are obligated to adhere to international law and standards, including the core tenets of international human rights law, humanitarian law, and criminal law. They must allow full humanitarian access in all parts of Myanmar, including sites of detention.

 

Perpetrators of sexual violence must be held to account and survivors provided with prompt non-discriminatory healthcare, legal redress, and social protection. Laws and policies to address violence against women and conflict related sexual violence must meet international definitions and standards.

 

Under the December 2018 Joint Communique between the UN and the government of Myanmar, the Myanmar Armed Forces are obligated to prohibit and respond to conflict-related sexual violence. This includes, but is not limited to, access to survivor-centred multi-sectoral support and the exclusion of amnesties for perpetrators of sexual violence.

 

END

 

 

Notes for media

 

Background to the International Day to Eliminate Sexual Violence in Conflict

On June 19, 2008, the UN Security Council first addressed sexual violence in conflict with a dedicated resolution (SCR 1820). This is reflective of international resolve to end and punish such violence. Additional resolutions SCR 1888 (2009); SCR 1960 (2010); SCR 2106 (2013) and SCR 2467 (2019) deepen this commitment. Since 1998 the Rome Statute for the International Criminal Court  has also recognised widespread and systematic acts of sexual violence as an act of genocide, a war crime, and crime against humanity.

 

Conflict-related sexual violence (CRSV)

Includes rape, sexual slavery, forced prostitution, forced pregnancy, forced abortion, and enforced sterilization. It also can include forced marriage, trafficking in persons when committed in situations of conflict for the purpose of sexual violence and exploitation and any other form of sexual violence of comparable gravity perpetrated against women, men, girls or boys, sexual and gender minorities that is directly or indirectly linked to a conflict. CRSV is perpetrated by armed actors and those associated with them including but not limited to militia and criminal gangs. CRSV can be perpetrated anywhere, including sites of detention, transport to sites of detention, in military and police bases, or in civilian communities and locations.

 

Joint Communique signed 7 December 2018  https://www.un.org/sexualviolenceinconflict/wp-content/uploads/joint-communique/joint-communique-of-myanmar-un-on-prevention-response-to-crsv/Joint_Communique_of_Myanmar_UN_Prevention_Response_to_CRSV_2018.pdf

 

For further information contact info.myanmar@unfpa.org

 

 

မြန်မာနိုင်ငံရှိ UNFPA မြန်မာနှင့် အတူ

ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံ သံရုံးတို့မှ တရားဝင် ထုတ်ပြန်ချက်

ရက်စွဲ - ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

 

ယနေ့သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ၊ ဤကဲ့သို့သော လူသားမဆန်ဆိုးရွားယုတ်မာလွန်းလှသည့်  အကြမ်းဖက်မှုပုံစံအား ကမ္ဘာတစ်ဝန်းလုံးမှ အရေးတကြီး အာရုံစိုက်လာနိုင်စေရန် ဤနေ့မှ စွမ်းဆောင်ပေးလာခဲ့ပြီး ဖြစ်သည်။  ဤယနေ့၌ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်ဆောင်သောသူများနှင့်တကွ၊ ၎င်းတို့နှင့် ဆက်စပ်နေသောသူများက ကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု  အပြုအမူများကို ပြတ်ပြတ်သားသား ရှုတ်ချပါသည်။

 

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မည်သို့သော အကြောင်းပြချက်အခြေအနေမျိုး၌မဆို လက်ခံ၍မရသော လုပ်ရပ်ဖြစ်သည်။ လက်နက်ကိုင်ဆောင်သောသူများအားလုံးတွင် ဤအကြမ်းဖက်မှု ပုံစံမျိုးကို တားမြစ်ရမည့်တာဝန်၊ စည်းမျဉ်း၊ စည်းကမ်းထားရှိရမည်ဖြစ်ပြီး ကျူးလွန်မိခဲ့ပါက တာဝန်အပြည့်ယူပေးရမည် ဖြစ်သည်။

 

လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသူ ကလေးသူငယ်များ (မိန်းကလေး၊ ယောကျ်ားလေးငယ်များ)၊ အမျိုးသား၊ အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများသာမက ၎င်းတို့ မိသားစုဝင်များသည်လည်း ထိုမတရားစက်ဆုပ်ရွံရှာဖွယ်ရာ ပြစ်မှုကျူးလွန်မှုကြောင့် စိတ်ဒဏ်ရာများ ရရှိခံစားကြရသည်။ ယုံကြည်စိတ်ချရသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၊ ထောက်ပံ့မှုများကို အချိန်မီ ရယူရန်မှာ လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်ခံရမှုကြောင့် မွေးဖွားလာသူများ အပါအဝင် အကြမ်းဖက်မှုတွင် ရှင်သန်ကျန်ရစ်သူများသည် အရှက်တရားနှင့် နေထိုင်ရခြင်း၊ အမည်ဆိုးတပ်ခံရခြင်း၊ ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ကို အကန့်အသတ်ဖြင့်သာ ရခြင်း၊ တရားမျှတမှုကို ရယူနိုင်ရန် လက်လှမ်းမမှီခြင်းတို့ကို တွေ့ကြုံခံစားကြရသည်။

 

မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ဆောင်သောသူများ အားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာ ဥပဒေများ၊ စံနှုန်းများကို လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ဖမ်းဆီးချုပ်နှောင် ထားသည့် နေရာများအပါအဝင်  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်လှမ်းမှီ ရရှိနိုင်စေရန် အပြည့်အဝ ခွင့်ပြုပေးရပေမည်။

 

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူ အားလုံးကို အရေးယူအပြစ်ပေးရမည် ဖြစ်ပြီး၊ ကျူးလွန်ခံရသူသည်  ခွဲခြားဆက်ဆံခြင်းမရှိသော ကျန်းမာရေးစောင့်ရှောက်မှု၊ တရားမျှတမှုနှင့် လူမှုရေးစောင့်ရှောက်မှုများအား ရရှိခံစားနိုင်ရမည် ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေများနှင့် မူဝါဒစံနှုန်းများသည် နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိရပေမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရ နှင့် ကုလသမဂ္ဂအဖွဲ့တို့၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲကြေညာချက် ၂၀၁၈ (ဒီဇင်ဘာလ) အရ၊  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတွင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၌ တာ၀န်ရှိပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရာဇ၀တ်မှုကျူးလွန်သူများ အပေါ် တရားစီရင်ရာတွင် လွတ်ငြိမ်းချမ်းသာခွင့် မပေးသည်သာမက၊ အသက်ရှင်ကျန်ရစ်သူအခြေပြု ကဏ္ဍပေါင်းစုံပါ အကန့်အသတ်မရှိ ကူညီထောက်ပံ့ရမည်ဖြစ်သည်။

 

နိဂုံး

 

 

 

 

မီဒီယာများအတွက် မှတ်ချက်

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာ‌နေ့၏ နောက်ခံသမိုင်း

၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၂၀ ဖြင့် ပထမဆုံးအကြိမ် ကိုင်တွယ်ဆုံးဖြတ် လုပ်ဆောင်ခဲ့ပါသည်။ ယင်းမှာ ထိုကဲ့သို့သော အကြမ်းဖက်မှုမျိုးကို အဆုံးသတ်ရန်နှင့် ထိုက်တန်သော ပြစ်ဒဏ်ပေးနိုင်ရန် နိုင်ငံတကာမှ သံန္နိဌာန် ချထားခြင်းကို ထင်ဟပ် ပြသနေသည်။ ထပ်တိုး ဆုံးဖြတ်ချက်အမှတ်များဖြစ်သော ဆုံးဖြတ်ချက်အမှတ် ၁၈၈၈ (၂၀၀၉) ဆုံးဖြတ်ချက်အမှတ် ၁၉၆၀ (၂၀၁၀) ဆုံးဖြတ်ချက်အမှတ် ၂၁၀၆ (၂၀၁၃)နှင့် ဆုံးဖြတ်ချက်အမှတ် ၂၄၆၇ (၂၀၁၉) တို့သည်လည်း အဆိုပါ ကတိကဝတ်ကို ပိုမို ခိုင်မာလာစေခဲ့သည်။ ။ ၁၉၉၈ ခုနှစ်မှစ၍ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ဆိုင်ရာ ရောမစာချုပ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်၊ ပျံ့ပွားစေခြင်းအား  လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှု အဖြစ် အသိအမှတ်ပြု ထားပါသည်။

 

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV)

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် မုဒိမ်းကျင့်ခံရခြင်း၊ လိင်ကျွန် အဖြစ် ခိုင်းစေခံရခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အတင်းအဓမ္မ ကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ခိုင်းခြင်းနှင့် မလိုအပ်ပဲ သားကြော ဖျက်ခိုင်းခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပဋိပက္ခဖြစ်ပွားရာ အခြေအနေ/ နေရာများ၌ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း၊ လူကုန်ကူးခြင်း၊ ပဋိပက္ခနှင့်  တိုက်ရိုက် သို့မဟုတ် သွယ်၀ိုက်ဆက်စပ်နေသော အမျိုးသမီးများ၊ အမျိုးသားများ၊ ကလေးငယ်များ (မိန်းကလေး၊ ယောကျ်ားလေးငယ်)နှင့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ်  ကျူးလွန်သည့်  အလားတူ ကြီးလေးမှု ရှိသော လိင်အကြမ်းဖက်မှုဆိုင်ရာ အခြားသော ပုံစံများလည်း ပါ၀င်ပါသည်။    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်သူများမှာ လက်နက်ကိုင်ဆောင်သောသူများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော ပြည်သူ့စစ်များနှင့် ရာဇ၀တ်ဂိုဏ်းများ ပါပါ၀င်သည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခံရမှုသည် နေရာတိုင်းတွင် ကြုံတွေ့နိုင်သည်။ ဥပမာ - ထိန်းသိမ်းခံနေရာများ၊ ထိန်းသိမ်းခံနေရာ များဆီသို့ ခေါ်သွားသည့်အခါ၊  စစ်တပ်နှင့် ရဲ အခြေစိုက် နေရာများ (သို့မဟုတ်) အရပ်ဖက် ပြည်သူများ နေထိုင်ရာ ရပ်ရွာ၊ နေရာများတွင်လည်း ကြုံတွေ့ဖြစ်ပွားနိုင်ပါသည်။ 

 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ချက်ကို အောက်ပါလင့်တွင် ရယူနိုင်ပါသည်။

https://www.un.org/sexualviolenceinconflict/wp-content/uploads/joint-communique/joint-communique-of-myanmar-un-on-prevention-response-to-crsv/Joint_Communique_of_Myanmar_UN_Prevention_Response_to_CRSV_2018.pdf

 

ထပ်မံသိရှိလိုပါက info.myanmar@unfpa.org သို့ဆက်သွယ်ပါ။