“ကျွန်တော်ကျမှ ဘာလို့ ကံဆိုးရတာလဲ။” HIVပိုး ကူးစက်ခံခဲ့ရသည့် မြန်မာလူငယ်

  • Published on: 25/02/2019
  • သင့်ဘ၀မှာ အချိန်လွန်မှ နောင်တအကြီးအကျယ်ရခဲ့တဲ့ အမှားမျိုး သင်လုပ်ဖူးပါသလား။ လူငယ်တစ်ယောက်ဖြစ်တဲ့ စည်သူကတော့ အမှားလုပ်ခဲ့ဖူးပါတယ်။ လူငယ်ပီပီ ချစ်သူရည်းစားထားတယ်။ ချစ်သူဘ၀မှာ ဘေးကင်းလုံခြုံမှုမရှိတဲ့ လိင်ဆက်ဆံမှုကြောင့် စည်သူ HIV ပိုး ကူးစက်ခံလိုက်ရပါတယ်။ အဲ့ဒီတုန်းက စည်သူ ၁၉နှစ်ပဲရှိပါသေးတယ်။ လူငယ်တွေလည်း စည်သူရဲ့ ဘ၀အကြောင်းကို သင်ခန်းစာယူပြီး မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ လေ့လာရပါမယ်။