You are here

အသက် ၁၅နှစ် အရွယ်မှာ သီရိ ကိုယ်ဝန်လွယ်ထားနေရပါပြီ။ “ကျမတို့နှစ်ဦး ချစ်သူဘ၀ ရောက်ခဲ့ကြတယ်။ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို အဲ့ဒီတုန်းက ကျမ မစဉ်းစားတတ်ခဲ့ဘူး။”

မြန်မာနိုင်ငံတွင် ၅၀၀၀၀ ခန့်မျှသော ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ နှစ်စဉ်ကလေးမွေးဖွားကြသည်။ ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ UNFPA သည် သီရိနှင့်သူမချစ်သူ ကဲ့သို့သော လူငယ်များ အချိန်လွန်ခါမှ နောင်တမရစေမည့် ဘေးကင်းလုံခြုံသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် လိင်မှုရေးရာ ပညာပေးအစီအစဉ်များကို အားပေးကူညီလျှက်ရှိပါသည်။