Published on: 23/04/2018

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးကုသပေးရေးအဖွဲ့ ရောက်လာတဲ့ အချိန်မှာ ကျေးရွာဆေးခန်းလေးဟာ နေရာလွတ်မကျန်အောင် လူအုပ်ကြီးနဲ့ပြည့်ကျပ်လို့နေပါပြီ။ အကြောင်းရင်းကတော့ ဖေ့ဘွတ်ခ်မက်ဆင်ဂျာကနေ မိဘပြည်သူတွေကို ဒီလိုသတင်းကောင်းပေးထားလို့ပါပဲ။ “လက်မောင်းအရေပြားအောက် ထည့်သွင်းအသုံးပြုရတဲ့ သားဆက်ခြားနည်းလမ်းတွေ ဒီကနေ့ ရွာဆေးခန်းမှာ ရနိုင်ပြီနော်။”