Go Back Go Back
Go Back Go Back

UNFPA Executive Director's Statement on Myanmar

UNFPA Executive Director's Statement on Myanmar

News

UNFPA Executive Director's Statement on Myanmar

calendar_today 16 March 2021

UNFPA, the United Nations sexual and reproductive health agency, strongly reiterates the statements made by the office of the United Nations Secretary-General in condemning the escalating use of force by military and security forces against peaceful protesters in Myanmar. Over the past several weeks, and increasingly in recent days, disproportionate and even deadly force has been used against civilians, including women and young people, resulting in scores of people dead. 

UNFPA extends sincere condolences to the families, friends and communities of those killed and injured. There have also been reports and growing concern related to incidents of gender-based violence and sexual harassment. The use of any kind of violence, lethal force, intimidation or harassment against women and girls is unacceptable. UNFPA remains highly concerned by the continued arrests and detentions reported, and the conditions under which people are detained, as well as by the occupation of public hospitals by security forces.

The political crisis is also disrupting lifesaving pregnancy and childbirth services, along with access to critical contraceptive and reproductive health supplies and services, impacting women and families across Myanmar. UNFPA and its implementing partners are doing their best to ensure these essential services continue despite the challenges.

UNFPA calls on military and security forces to immediately refrain from any further violence and to prioritize the protection, health and human rights of women and young people in Myanmar.

 

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA Executive Director Dr Natalia Kanem မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၁ခုနှစ်၊ မတ်လ ၁၅ ရက်

လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး ကုလသမဂ္ဂအေဂျင်စီဖြစ်သည့် UNFPA သည်  မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား   စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးဖြိုခွင်းမှုများ ပိုမိုလုပ်ဆောင်လာမှုအပေါ်  ရှုံ့ချသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ သဘောထား ထုတ်ပြန်ချက်များအား အလေးအနက် ထပ်မံ တိုက်တွန်းလိုက်ပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်များမှ မကြာသေးမီရက်များအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပါအဝင်  အရပ်သားပြည်သူများအပေါ် သေစေနိုင်လောက်သည်အထိ အင်အားအလွန်အကျွံအသုံးပြုမှုများကြောင့် လူများသေဆုံးခဲ့ရပါသည်။

UNFPA သည် အသက်ဆုံးရှုံးရသူများ၊ ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုများ၊ မိတ်ဆွေများ၊ လူမှုအသိုင်း အဝန်းများနှင့်အတူ များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ကျား/ အခြေပြုအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုများနှင့်ပတ်သက်ပြီး သတင်းပေးပို့မှုများ၊ စိုးရိမ်ကြောင့်ကြမှုများကိုလည်း သိရှိရပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်း၊ အသက်သေစေနိုင်အောင် အင်အား အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နှောင့်ယှက်စော်ကားခြင်းများကို လုံးဝလက်မခံနိုင်ပါ။ ဆက်လက်ဖြစ်ပွား လျက်ရှိသော ဖမ်းဆီးချုပ်နှောင်မှုများ၊ ထိန်းသိမ်းခံရသည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့များက အများပြည်သူနှင့်သက်ဆိုင်သည့် ဆေးရုံများအား ဝင်ရောက်နေရာယူသိမ်းပိုက်မှုများနှင့် ပတ်သက်၍ UNFPA အနေဖြင့် အလွန်အမင်း စိုးရိမ်မိပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုများက ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးနှင့် ကလေးမီးဖွားခြင်းစသည့် အသက်ကယ်ရန် အရေးကြီးသော ဝန်ဆောင်မှုများကို ထိခိုက်စေသည့်အပြင် အရေးပါသော သားဆက်ခြားပစ္စည်းများ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် ဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေမှုကိုပါ အတားအဆီးဖြစ်စေပြီး နိုင်ငံတဝှမ်းရှိ အမျိုးသမီးများနှင့် မိသားစုအသီးသီးအပေါ် ဆိုးကျိုးသက်ရောက် စေပါသည်။ စိန်ခေါ်မှုများရှိသော်လည်း UNFPA သည် လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရေး  မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ အဆိုပါ မရှိမဖြစ်ဝန်ဆောင်မှုများ ဆက်လက်ရရှိနေစေရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။

UNFPA သည် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များအား အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းမှ ချက်ချင်းရပ်တန့်ရန်၊ ၊ အမျိုးသမီးများနှင့် လူငယ်လူရွယ်များအား အကာအကွယ်ပေးရန်၊ သူတို့၏ ကျန်းမာရေးနှင့် လူ့အခွင့်အရေးများကို ဦးစားပေးအလေးထားရန် တိုက်တွန်းပါသည်။